ကျနော် ရေးသားထားတဲ့ ဝတ္ထု (၃) ပုဒ်ဖြစ်တဲ့ မျှော်လင့်ချက်ဖြင့် ရှင်သန်ခြင်း၊ အချစ်ကို ရောင်းစားကြသူများ၊ အချစ်သည် ပင်လယ်ဝ၌ သေဆုံးသည် ဆိုတဲ့ ဝတ္ထုအကြောင်းတွေကို စတင် ဖော်ပြ မိတ်ဆက်ပေးလိုပါတယ်။
မျှော်လင့်ချက်ဖြင့် ရှင်သန်ခြင်း
ဒီဝတ္ထုက ကျနော် ပထမဆုံး ရေးသားထားတဲ့
ဝတ္ထုပါ။ လွန်ခဲ့တဲ့ (၆) နှစ်လောက်က ရေးသားထားခြင်းဖြစ်ပါတယ်။ ဒီဝတ္ထုက ကျနော်တို့ မြန်မာနိုင်ငံမှာ
ကြုံတွေ့နေကျဖြစ်တဲ့ လူငယ်တွေအကြောင်းကို ရေးသားထားခြင်းဖြစ်ပါတယ်။
ဒီဝတ္ထုရဲ့ ထူးခြားမှုက ဘာလဲဆိုတော့
အမျိုးသမီးဇာတ်ကောင် တစ်ယောက်မှ မပါဝင်ခြင်းဖြစ်ပါတယ်။ သီဟ၊ စစ်ရန်နိုင်၊ ဇော်ဇေ၊ အာကာ၊
နောင်ချို၊ ကိုဦး၊ ညီညီ ဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ရေးသားထားခြင်း ဖြစ်ပါတယ်။
အားလုံးရဲ့ ဝေဖန်မှုကို အမြဲ
နားစွင့်မိပါတယ်။
အချစ်ကို ရောင်းစားကြသူများ
အချစ်ကို ရောင်းစားကြသူများ
ဆိုတဲ့ နာမည်ကို ကြားလိုက်ရုံနဲ့ ဘာအကြောင်းအရာကို ရေးသားထားသလဲဆိုတာ အားလုံး သိကြလိမ့်မယ်
ထင်ပါတယ်။ လက်ရှိအချိန်မှာ အချစ်ကို တန်ဖိုးထားမှု နည်းပါးလာတယ်လို့ ကျနော် ခံစားရမိပါတယ်။
ဘဝ ရှင်သန်ရပ်တည်ဖို့အတွက် ငွေကြေးက အရေးပါလာတဲ့အချိန်မှာ အချစ်ရဲ့ တန်ဖိုးက လျော့နည်း
မသွားစေချင်ပါဘူးဗျာ။
ဒီဝတ္ထုရဲ့ ထူးခြားချက်ကတော့
အရေးအသားကို အဓိက အားပြုထားပါတယ်။ ယဉ်ဦး၊ သီဟသူ၊ အေးအေးနု ဆိုတဲ့ ဇာတ်ကောင်သုံးယောက်ကို
အခြေပြုပြီး ရေးသားထားခြင်း ဖြစ်ပါတယ်။
အချစ်ကို ဘယ်လို ရောင်းစားကြသလဲ….
အချစ်သည် ပင်လယ်ဝ၌ သေဆုံးသည်
အချစ်သည် ပင်လယ်ဝ၌ သေဆုံးသည် ဆိုတဲ့ ဝတ္ထုက ပထမဆုံး ဝတ္ထု (၂) ပုဒ် ရေးပြီး
နောက်ပိုင်း (၄) နှစ်လောက်ကြာမှ ရေးသားထားခြင်းပါတယ်။ ကျနော့် စာဖတ်သက်တမ်း၊
အတွေ့အကြုံတွေ ပိုမို များလာပြီးမှ ရေးသားထားတာဖြစ်လို့ ပိုမိုပြီး အရသာ
ရှိတယ်လို့ ကျနော်က ခံယူထားပါတယ်။
ကျနော် စာအုပ်အဖြစ်
ထုတ်မယ်ဆိုရင်လည်း ဒီဝတ္ထုကို ပထမဆုံး ထုတ်ဖြစ်လိမ့်မယ် ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန် ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု ရှိသလို ကျနော်
အားအရဆုံး ဝတ္ထုလည်း ဖြစ်ပါတယ်။
အထူးသဖြင့်
ဒီဝတ္ထုမှာ အမျိုးသမီး ဇာတ်ကောင်တစ်ဦးရဲ့ ခံစားချက်၊ လူမှုဘဝတွေ မိန်းမတစ်ယောက်ရဲ့
အမြင် ရှုထောင့်က ရေးသားထားခြင်းဖြစ်ပါတယ်။ ပရဟိတလောကကို နောက်ခံပြုပြီး ပရဟိတက
သူမဘဝအဖြစ် ခံယူထားတဲ့ မြခွာညို ဆိုတဲ့ ဇာတ်ကောင်နေရာက ကျနော် ရေးသားတင်ပြထားခြင်း
ဖြစ်ပါတယ်။ ယုဇော်၊ လင်းသော်၊ မြခွာညို ဆိုသော ဇာတ်ကောင် သုံးယောက်နှင့်အတူ
ပရဟိတကို နောက်ခံပြု ရေးသားထားခြင်း ဖြစ်ပါတယ်။
အားလုံးကို
ကျေးဇူးတင်ပါတယ်ဗျာ..
No comments:
Post a Comment