Friday, December 18, 2015

စတင်ခြင်း

                     ဒီနေ့မှာပဲ လင်္ကာရည် ဇော် ဆိုတဲ့ အမည်နဲ့ ဘလော့ဂ်တစ်ခုကို စတင် ပြုလုပ်လိုက်ပါတယ်။

                    ကျနော်က ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါတယ်။ စာမျိုးစုံကို ဖတ်လေ့ရှိပါတယ်။ ကျနော် စာတွေ ဖတ်လာတာ များတော့ စာရေးချင်လာပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စပြီး စာ စတင်ရေးပါတယ်။ ပထမဆုံး ဝတ္ထုရှည် (၂) ပုဒ် ဖြစ်တဲ့ မျှော်လင့်ချက်နဲ့ ရှင်သန်ခြင်း၊ အချစ်ကို ရောင်းစားကြသူများ ဆိုတဲ့ ဝတ္ထု (၂) ပုဒ်ကို ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ဝတ္ထု (၂) ပုဒ်ကို ဘယ်မဂ္ဂဇင်းတိုက်၊ ဘယ်စာပေတိုက်ကိုမှ မပို့ခဲ့ပါဘူး။ ဘာဖြစ်လို့ မပို့ဖြစ်လဲလို့ မေးလို့ရပါတယ်။ အဓိကတော့ ကျနော်ဟာ ဝတ္ထုတိုကို စတင်ရေးသားခြင်း မဟုတ်ပဲ ဝတ္ထုရှည် (လုံးချင်း) ကို စတင် ရေးသားတာဖြစ်ပါတယ်။ အဲဒီတော့ သူ့တို့က ကျနော့်ကို ယုံကြည်ပါ့မလားဆိုတဲ့ အမြင်က ကျနော့်မှာ ကိန်းအောင်းခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဝတ္ထု (၁) ပုဒ်ဖြစ်တဲ့ အချစ်သည် ပင်လယ်ဝတွင် သေဆုံး၏ ဆိုတဲ့ ဝတ္ထု တစ်ပုဒ်ကို ထပ်မံ ရေးသားခဲ့ပါတယ်။

                   အဲဒီ ဝတ္ထု (၃) ပုဒ်စလုံးကို ကျနော့် ကျေနပ်အားရပါတယ်။ အခုတော့ စတင်ပြီး စာရေးခြင်းအလုပ်ကို နှစ်နှစ်ခြိုက်ခြိုက် လုပ်ဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့က စပြီး ရေးသားထားပြီးသား ဝတ္ထု (၃) ကို အပိုင်းလိုက် ဖော်ပြပေးသွားမှာပါ။

                  ကောင်းခြင်း၊ဆိုးခြင်း ဆိုတဲ့ အားလုံးရဲ့ အမြင် မှတ်ချက်တွေကို ကြားချင်ပါတယ်။

                  တစ်ခု ပြောချင်တာကတော့ ကျနော် ရေးသားထားတဲ့ ဝတ္ထုတွေဟာ စာဖတ်သူတွေအတွက် တစ်ခုသော အကျိုးကျေးဇူးကို ရရှိလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိပါတယ်။

                  အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment